ချင်းပြည်နယ်သည် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းတွင် တည်ရှိပြီး အနောက်ဘက်တွင် အိန္ဒိယနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ချင်းပြည်နယ်တွင် မြို့နယ်ပေါင်း ကိုးမြို့နယ် ရှိပြီး UN ၏ အဆိုအရ ၎င်းသည် မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး ထဲမှ တစ်ခုအပါအ၀င်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နွေဦးတော်လှန်ရေး စတင်ချိန်မှစ၍ တပ်မတော်က အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လက်နက်ကိုင် တော်လှန်ရေးသည် ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ အမဲလိုက်သေနတ်များ အသုံးပြု၍ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ချင်းပြည်နယ်သည် တနိုင်ငံလုံး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် အမြင့်ဆုံးပါဝင်မှုကို ပြသခဲ့ပြီး ၊၂၀၂၁ ခုနှစ်တွင် ပြည်သူ့ဝန်ထမ်း ၂၀,၀၀၀ ၏ ၇၀% ကျော် ပါဝင်ခဲ့သည်ဟု သိရသည်။ ၂၀၂၄ ခုနှစ်အထိ မြို့နယ်အများစုတွင် နယ်မြေအများစု၊ တော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်မှုနှင့် အုပ်ချုပ်မှုအောက်တွင် ရှိပြီး SAC စစ်တပ်သည် ပုံမှန်အားဖြင့် လျော့နည်းလာနေသော မြို့ပြစင်တာများကို ထိန်းချုပ်ထားသည်။ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) သည် နွေဦးတော်လှန်ရေးအစကတည်းက ချင်းအမျိုးသားနိုင်ငံရေးပလပ်ဖောင်းကို ဦးဆောင်ခဲ့သည်။

"From the People, for the People, with the People: A United Voice for a Free Chin State."

"Liberating Today, Transforming Tomorrow."

Events

ချင်းပြည်သူများသို့ လက်ရှိတော်လှန်ရေး အခြေအနေ တင်ပြခြင်း

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တို့သည် ပင်လုံစာ ချုပ်တွင် သဘောတူညီထားခဲ့သော ဖက်ဒရယ် ဒီမိုကရေစီ ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်များကို အပြည့်အဝ အကောင်အထည် ဖော်နိုင် ခြင်းမရှိသော ကြောင့် တိုင်းပြည်တွင် နှစ်ပေါင်း (၇၀) ကျော် ပြည်တွင်း စစ်နှင့် ရင်ဆိုင်နေရသည့်အပြင် စစ်အာဏာသိမ်း မှုအကြိမ် ကြိမ် ဖြစ်ပွားပြီး စစ်အာဏာရှင်စနစ်နှင့် တစ်ပါ တီအာဏာ ရှင်စနစ်တို့၏ ဆိုးကျိုးများကို ပြည်သူတစ်ရပ်လုံး ခါးစည်း ခံနေကြရသည်ကို ယနေ့မျက်ဝါးထင်ထင် မြင်တွေ့ကြရပြီ ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့ကြုံတွေ့ရင် ဆိုင်နေရသည့် အဖြစ်ဆိုးများမှ လွတ်မြောက်ပြီး အာဏာ ရှင်စနစ်အမြစ် ပြတ်ကာ တော်လှန်ရေးအမြန်ဆုံးအောင်မြင်၍ တိုင်းရင်း သားများအားလုံး တန်းတူရေးနှင့်ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အတွက် အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့ညီလာခံတွင် အတည် ပြု ခဲ့ပါသည်။

၁။ လက်ရှိတော်လှန်ရေး၏ တစ်နိုင်ငံလုံး ချိတ်ဆက် ဆောင်ရွက်မှု

လက်ရှိတစ်နိုင်ငံလုံးတော်လှန်ရေးအား NUCC, NUG မှ ဦးဆောင်၍ တစ်နိုင်ငံလုံး ဆင်နွဲလျက် ရှိပါသည်။ NUCC အား (၁) CRPH + ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ (၂) နိုင်ငံရေးပါတီများ (၃) သမဂ္ဂများ၊ အမျိုး သမီးများ၊ လူငယ်နှင့် လူနည်းစုဆိုင်ရာအဖွဲ့အစည်းများ အပါအဝင် အရပ်ဖက်လူထုအဖွဲ့အစည်းများ၊ အာဏာ ရှင်စနစ်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုဆိုင်ရာမှုဆိုင်ရာ အဖွဲ့အစည်း အဖွဲ့များ၊ လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ (၄) တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ (EROs) (၅) ကြားကာလပြည်နယ်/ဖက်ဒရယ် ယူနစ် ကိုယ်စားပြုနှင့် လူမျိုးအခြေပြု အဖွဲ့အစည်း/ ကောင်စီများ စသည့်အစု အဖွဲ့ (၅) ခုတို့ဖြင့် ဖွဲ့စည်းထားပြီး ချင်းပြည်မှ ICNCC အနေဖြင့် ချင်းပြည် ကိုယ်စားပြု ပါဝင်လျက် ချိတ်ဆက် ဆောင်ရွက်လျက် ရှိပါသည်။

၂။ ချင်းပြည်၏ တော်လှန်ရေး အခြေအနေ

ချင်းပြည်၏ တော်လှန်ရေးအင်အားစုများဖြစ်သည့် (၁) ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် များ (၂) ချင်းအမျိုးသားတပ်ဦး-CNF (၃) ချင်းပြည်နယ်၊ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် NLD (၄) CDM CSO ၊ လူငယ်၊ အမျိုး သမီးများအစုအဖွဲ့ စသည့် အစုအဖွဲ (၄)ဖွဲ့ဖြင့် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) အား ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။

၂ဝ၂၃ ခုနှစ်၊ ဧပြီလ မှစ၍ ICNCC reform လုပ်ဆောင်ရန် အားလုံးသဘောတူ၍ ဇွန်လတွင် Fact – Finding ကော်မတီဖွဲ့စည်းကာ အောက်တိုဘာလတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စတင်လုပ်ဆောင်လျက်ရှိသည်။ Reform အရ မြိုနယ်အဆင့် နိုင်ငံရေးဦးဆောင်အဖွဲများကို ICNCC ၏ အစုအဖွဲ့တစ်ခုအဖြစ် ပါဝင်နိုင်ရန် လမ်းဖွင့်ထားပြီး ဖြစ်သည်။ ထိုမျှမက ICNCC သည် no no group left behind ပေါ်လစီဖြင့် တော်လှန်ရေးတွင် ပါဝင်သည့် မည်သည့် လက်နက်ကိုင်မဆို (မြို့နယ်၊ မျိုးနွယ်စု)၊ လက်နက်ကိုင်များ အားလုံးကိုလည်း ICNCC တွင် ပါဝင်နိုင်ရန် ICNCC ကောင်စီတွင် ဆုံးဖြတ်ပြီးဖြစ်ပြီး ပါဝင်နိုင်သည့် နည်းလမ်း များကို ရှာဖွေဖော် ထုတ်လျက်ရှိသည်။

၃။ ICNCC ၏ ယနေ့အထိဆောင်ရွက်ချက်များ

ကောင်စီ၏ကြိုးပမ်းဆောင်ရွက်မှုကြောင့် NUG တွင် ဝန်ကြီး (၁) နေရာ၊ ဒုဝန်ကြီး (၁) နေရာ ရယူနိုင်ခဲ့ပါသည်။ ထို့အပြင် NUCC တွင် ကောင်စီအဖွဲ့ဝင်အဖြစ် (၃) ဦးနှင့် NUCC Joint Coordination Comittee (JCC), Transitional Constitution Working Group (TCWG) တို့တွင်လည်း အဖွဲ့ဝင်များအဖြစ် ပါဝင်နိုင်ခဲ့ပါသည်။ အကောင်အထည် ဖော်ဆောင်ရွက်ချက်များအနေဖြင့်

(က) ချင်းပြည်နယ် ပြည်သူ့ရဲ (Chin State People’s Police Force) ဖွဲ့စည်းခြင်းနဲ့ မူဝါဒ ကိုလည်း အတည်ပြု ပေးနိုင်ခဲ့ခြင်း၊

(ခ) ပြည်နယ်ပညာရေးဘုတ်အဖွဲ့ (Chin State Education Board) အား NUG အပါအဝင် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေခြင်း၊

(ဂ) မိုခါမုန်တိုင်းကြောင့် ICNCC ကအရေးပေါ် Humanitarian ကော်မတီဖွဲ့စည်း၍ NUG နဲ့ United States Chin Coalition (USCC) နှင့်လက်တွဲကာ ရန်ပုံငွေရှာဖွေခြင်းနှင့် စစ်ရှိန်မြှင့်နေသည့်ကာလအတွင်း အရပ်သား ထိခိုက်မှု လျှော့ချနိုင်ရေး သင်တန်းများဆောင်ရွက်ခြင်း၊

(ဃ) မြို့နယ်အလိုက် ပြည်သူ့ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုကို NUG ၏ ကျန်းမာရေးဝန်ကြီးဌါနနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊

(c) ICNCC ၏ CDM Team ဦးဆောင်မှုဖြင့် ချင်း CDM မူဝါဒကို အတည်ပြု နိုင်ခဲ့ခြင်း၊

၄။ ICNCC ၏ နိုင်ငံရေးရည်မှန်းချက်နှင့် အနာဂတ်ချင်းပြည်မျှော်မှန်းချက်

ပင်လုံစာချုပ် အရလည်းကောင်း၊ လက်ရှိနွေဦးတော်လှန်ရေး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ လည်းကောင်း တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်သွား မည်ဖြစ်ပါသည်။

ထိုနည်းတူစွာ ICNCC အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်၍ ချင်းပြည်ရှိ မျိုးနွယ်စုအားလုံး၏ တန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဖွဲ့စည်းပုံကို ရေးဆွဲ၍ ချင်းပြည်အစိုးရပေါ်ပေါက်ရေး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။